Thursday 4 July 2013
photofiltre studio full version
ဒီဆော့ဝဲလေးကတော့ ဓာတ်ပုံကို ဒီဇိုင်းလှအောင် ပြင်တဲ့အခါ ပန်းဘောင်လှလှလေး
အရုပ်ကလေးတွေ ပန်းကလေးတွေ ထူးဆန်းတဲ့ရောင်ခြည်လေးတွေနဲ့  ပုံကိုလှစေဖို့ 
Magic photo editor full version
ဖိုတိုရှော့ ကို အပြီးပြင်လေ့ လာပြီး ကလိချင်သူများ အတွက် ရည်ရွယ်ပြီး
တင်ပေးလိုက်ပါတယ် ဟဲဟဲ စိတ်ဝင်စားတယ် ဆိုရင်တော့ ဒေါင်းပေါ့ ဗျာ..
ညီ က တော့မသိဘူး.. မသိသေးတဲ့ မရှိသေးတဲ့ လူများအတွက် ရည်ရွယ်ပါတယ်နော်..
ဆရာ့ ဆရာကြီးတွေတော့ ကျော်ခွသွားပေါ့ နော်..
မူရင်းမှာတော့ .. full ပဲလို့  ပြောထားတယ် အိုကေ အဆင်ပြေမယ်လို့ မျှော်လင့် ရင်း..
Dream Light Photo Editor v2.7
ဓာတ်ပုံ ၀ါသနာအိုးများအတွက်တော့ ဘာဘဲဖြစ်ဖြစ် ကလိလို့အစဉ်ပြေမယ်ထင်တယ်ဗျာ။ ကျွန်တော်လဲ ကလိတာဝါသနာပါတယ်လေ။ Dream Light လေးကတော့ ဘာဘဲပြောပြော သူ့အိုးနဲ့ သူ့ဆန်တော့ ကာမိပါတယ်ဗျာ။ အဲဒါနဲ့ဘဲ ၀ါသနာတူတွေ ကလိစရာလေးတစ်ခုပေါ့ဗျာ..... 
Download:
Design
ဒီ black magic လေးက Black & White ပုံတွေကို Color ထည့်ပေးနိုင်ပါတယ် ။ သုံးရတာလည်း လွယ်ပါတယ် ။ PhotoShop တွေ တတ်မှ သုံးလို့ ရတာမဟုတ်ပါဘူး ။ သူ့ မှာပါတဲ့ brush လေးတွေ အသုံးပြုပြီး Color လေးတွေ ထည့်ရုံပါပဲ …. ။ Portable လေးပါ .. ။ ကဲ ပေးထားတဲ့ Link ကပဲ Download လုပ်လိုက်ကြပါနော်။
http://zawhlainghtun.files.wordpress.com/2012/04/blackmagic-professional-edition_2.png 
Download လုပ်ရန်
Wednesday 3 July 2013
Internet Download Manager Speed ဂိတ်ဆုံးထိမြှင့်မယ်
Internet Download Manager ကို လူကြိုက်များရတဲ့အကြောင်းကတော့...Download Speed မြန်လွန်းလို့ဖြစ်ပါတယ်။
Connection နှေးနေတဲ့နေရာတွေမှာဆိုရင် သီချင်းတွေ၊ Videoတွေကိုဆွဲရမည်ဆိုပါက Internet Download Manager ကို အရင်ဆုံး စက်ထဲသွင်းဖြစ်လိမ့်မည်ထင်ပါတယ်။
ဒါကြောင့်...လူအသုံးများတဲ့ IDM ကို အမြင့်ဆုံး Speed ထိ မိုင်ကုန်တင်ပြီး Download ဆွဲနိုင်ရင်ကော ပိုမမိုက်ဘူးလား...
ကလိကြည့်ချင်တဲ့ ဆိုရင်တော့ ဒီနည်းလေးအတိုင်း လိုက်လုပ်ကြည့်ပေးပါ...
နည်းလေးလေးနှစ်မျိုးနဲ့ မိတ်ဆက်ပေးပါမယ်။
ပထမနည်းလမ်းက Manually လုပ်ရတာပါ။
၁ - IDM ကိုဖွင့်ပါ။
၂ - Download > Options > Connections Tab ကိုသွားပါ။
၃ - Connection Type/Speed ကို Other လို့ရွေးပါ။
၎ - ဘေးနားက bps ကို 83886080 လို့ထည့်ပေးပါ။
၅ - Default Max. Con. Number ကို 16 လို့ရွေးပေးပါ။
၆ - Ok နှိပ်ပါ။
၇ - IDM ကို Restart လုပ်ပါ။
ဖျက်လို့မရသော Copy ကူးလို့မရသော File, Folder များကို Take Ownership လုပ်ပြီးဖျက်ခြင်း Copy ကူးခြင်း...
ဖျက်လို့မရသော Copy ကူးလို့မရသော File, Folder များကို Take Ownership လုပ်ပြီးဖျက်ခြင်း Copy ကူးခြင်း...
ကျွန်တော်တို့ Windows OS တွေမှာ folder တွေ file တွေ ကိုဖျက်မယ် copy ကူးမယ်ဆိုရင်တစ်ခါတစ်ခါ System ကပေးမဖျက်တာ ပေးမကူးတာနဲ့ကြုံဖူးရပါလိမ့်မယ်။ အထူးသဖြင့် "you'll need administrator permission to delete this file" အစရှိတဲ့ message ကို system ကပြလာပြီး ဘာမှလုပ်လို့မရပဲဖြစ်နေတတ်ပါတယ်။ အခုလိုအခြေအနေမျိုးမှာ ကိုယ်က file တွေ folder တွေကို copy ကူးချင်တယ် delete လုပ်ချင်တယ်ဆိုရင် ကျွန်တော်အခုပြောတဲ့ Take Ownership ဆိုတဲ့နည်းလမ်းနဲ့ပြုလုပ်နိုင်ပါတယ်။
Take Ownership လုပ်တယ်ဆိုတာကတော့ ဒီ file တွေ folder တွေကို ကိုယ်ကနေ Administrator အဖြစ်အသုံးပြုနိုင်ခြင်းကိုဆိုလိုတာပါ။ ဒီ Take Ownership ကိုရဖို့ အရင်ဆုံး InstallTakeOwnership.reg ဆိုတဲ့ Windows Registry file ကိုလိုအပ်ပါတယ်။ ဒီ Registry file ကို install လုပ်ပြီးတာနဲ့ ကိုယ်လိုချင်သလို file တွေ folder တွေကို copy ကူးနိုင် delete လုပ်နိုင်ပါပြီ။
TakeOwnership.zip file ကိုအခုပေးတဲ့ link ကနေ download ပြုလုပ်ပါ။
Download လုပ်ပြီးတာနဲ့ အဲ့ဒီ zip file ထဲက InstallTakeOwnership.reg ဆိုတဲ့ file ကို run လိုက်ပါ။ Run ပြီးသွားတာနဲ့ အောက်ကပုံမှာပြထားတဲ့အတိုင်း Popup Menu မှာ Take Ownership ဆိုတဲ့ tweak တစ်ခုပါဝင်လာမှာဖြစ်ပါတယ်။ ပြီးတာနဲ့ကိုယ် copy ကူးချင် delete လုပ်ချင်တဲ့ file တွေ folder တွေပေါ်မှာ right click ထောက်ပြီး Take Ownership ဆိုတာကိုနှိပ်ပါ။ ခဏစောင့်လိုက်ပါ။ Command Windows တစ်ခုပေါ်လာပြီး သူပိတ်သွားတဲ့အထိစောင့်ပါ။ ပြီးသွားပြီဆိုတာနဲ့ ကိုယ် copy ကူးချင် delete လုပ်ချင်တဲ့ file တွေ folder တွေကို စပြီး copy ကူး delete လုပ်လို့ရပါပြီ။ ဘာ Administrator Privilege မှမလိုတော့ပါဘူး။ အကယ်လို့များကိုယ်က ဒီ Take Ownership ကိုမလိုချင်တော့ဘူးဆိုရင်တော့ RemoveTakeOwnership.reg ဆိုတဲ့ file ကို run လိုက်ပါ။ သူ့ဘာသာသူအလိုလိုပျက်သွားပါလိမ့်မယ်။
MP3 Tag 225a (သီချင်းဖွင့်လိုက်ရင်ကိုယ်ရုပ်ပုံလေးပေါ်စေချင်သောသူတွေအတွက်)
အားလုံးပဲမင်္ဂလာဗျာဒီနေ့ ကျွန်တော် MP3 ဖွင့်ရင်
ကိုယ်ပုံလေးတွေပေါ်စေချင်သောသူတွေအတွက်တင်ပေးလိုက်ပါတယ်
အရင်ထဲကကျွန်တော်လိုခြင်နေတာပါ ဘယ်မှာရှာရမှန်းလဲမသိ
ဒီနေ့ တော့တွေ့ လိုက်ကျွန်တော်သွာနေကြ မောက်မောက်လေး ဆိုဒ်မှာတင်ထား
တွေလိုကျွန်တော်ဒေါင်းလိုက်ပြီး အသုံးပြုခင်တဲ့ သူမိတ်ဆွေတွေအတွက်ပြန်
ရှယ်လိုက်ပါတယ်..။
အသုံးပြုနည်းကိုအရင်ရှင်းပြပေးပါတယ် ဒေါင်းလင့်အောက်မှာနှစ်နေရာပေးထာပါတယ်ကြိုက်တဲ့လင့်
ကယူသွားပါ..။
 ၁။  ဒေါင်းလော့လိုက်တဲ့ဆော့ဝဲကိုအင်စတောအရင်လုပ်လိုက်ပါ
Software မသုံးပဲ ကွန်ပျူတာကိုမိမိကြိုက်တဲ့အချိန်မှာ Auto Shutdown လုပ်ခိုင်းမယ်
ဒီနည်းလမ်းလေးကတော့ Software မသုံးပဲ ကွန်ပျူတာကို မိမိကြိုက်တဲ့အချိန်မှာ Auto Shutdown လုပ်ခိုင်းလို့ရတဲ့ နည်းလမ်းလေးပါ။ Computer ကို နောက်ထပ် တစ်နာရီကြာရင် Auto Shutdown လုပ်ခိုင်း မှာလား? မိမိစိတ်ကြိုက် အချိန်အတိုင်းအတာ တခုကိုလဲ သတ်မှတ်လို့ ရပါတယ်။ နည်းလမ်းလေးကလဲ အရမ်းကို လွယ်ပါတယ်။ အောက်ကနည်းလမ်းလေးတွေအတိုင်း လိုက်လုပ်ကြည့် လိုက်ပါနော်........
1.
Start Menu bar မှာရှိတဲ့ Start ကို click လုပ်လိုက်ရင် box လေးတခုကျလာပါမယ်။ အဲဒီ box ထဲက ညာဘက် အောက်နားမှာ Run ဆိုတာတွေ့ရပါလိမ့်မယ်။ ပြီးရင် Run Box ထဲမှာ  shutdown.exe -s -t 3600 ဆိုပြီး ရိုက်ထည့်လိုက်ပါ။ ပြီးရင် အထက်မှာပ်ါလာတဲ့ shutdown.exe -s -t 3600 ကို click လုပ်လိုက်ပါ။ 3600နေရာမှာ မိမိတို့စိတ်ကြိုက်အချိန်ကို သတ်မှတ်ပေးလို့ရပါတယ်။ ကျွန်တော်တို့ အဲ့ဒီကွန်မန်လေး
ပေးပြီးနောက်ထပ် စက္ကန့် ( 3600 ) တစ်နာရီကြာရင် စက်ကအလိုလို Shut down ကျသွားပါလိမ့်မယ်။ 
                     တချို့ Window Vista နဲ့ Window 7 တွေမှာတော့ Run ဆိုတာကို မြင်ရမှာ မဟုတ်ပါဘူး။ Start Menu bar မှာရှိတဲ့ Start ကို click လုပ်လိုက်ရင် ကျလာတဲ့ box လေးရဲ့ ဘယ်ဘက် အောက်ဆုံးမှာ Search programs and files ဆိုပြီး စာရိုက်ဖို့ နေရာလေး ပေးထားပါတယ်။  အဲဒီမှာ ရိုက်ထည့်လည်း ရပါတယ်။ နောက်တနည်းက Window + R ကို အတူ နိုပ် ပြီး ကျလာတဲ့ box ထဲမှာ ရိုက်ရင်လည်း ရပါတယ်။  
2. တကယ်လို့ ကျွန်တော်တို့ပေးထားတဲ့အချိန်မှာ Shut down မချချင်တော့လို့ ပေးထားတဲ့ ကွန်မန်းလေးကို ပြန်ပြီးဖျက်ချင်တယ် ဆိုရင်လဲရပါတယ်။ Run Box ထဲမှာ shutdown.exe -a ဆိုပြီး ရိုက်ထည့်လိုက်ပါ။ ဒါဆိုရင်ကျွန်တော်တို့စောစောကပေးထားတဲ့ ကွန်မန်းလေးပြန်ပျက် သွားပါလိမ့်မယ်။
Samsung Galxy Series အားလုံးအတွက်မြန်မာဖောင့်သွင်းနည်း
ပထမဆုံးအနေနဲ့ ဖုန်းရဲ့
Setting -> Application -> Unknown Sources ကို အမှန်ခြစ်လုပ်ပေးဖို့လိုပါလိမ့်မယ်။
ပြီးရင်တော့ ဒေါင်းလုပ်လုပ်ထားတဲ့ အထဲက rar ဖိုင်ကို ဖြည်ပြီးတော့ Samsung Glaxy ဆိုတဲ့ Folder ကို Memory card ထဲကို Copy ကူးပါ ။ Memory Card ကို ဖုန်းထဲကို ထည့်ပြီးတော့ My Files ထဲကနေပြီးတော့ Samsung Glaxy Folder ထဲကို ၀င်ပါ ။ ပြီးတော့ ဖောင့်အတွက် Zawgyi_One.apk ရယ် Fontomizer.apk ရယ်ကို install လုပ်ပါ့မယ် ။
အဲ့ဒါက ဖောင့်အတွက်ပါ ။
Window 8 myanmar font Error with gtalk and Ctome
အပေါ်က ပုံလေးကတော့ Window 8 မှာ Gtalk ရဲ့ ဖြစ်နေတဲ့ ပုံစံပါ ... ရိုက်နေတုန်းကတော့ အကောင်းပဲ ... ဒါပေမယ့် နောက် Box ထဲလဲ ရောက်သွားရော ကိုးယို့ကားယားနဲ့ ဖြစ်သွားရော ... တခါ ရိုက်လိုက် .. ဟိုဘက်ကနေပြီးတော့ ပြန်ရိုက်ရင် အဲ့လို ပဲ ပေါ်တော့ ကျတော့ တနေရာမှာ သွားပြီးတော့ ပြန်ကြည့်လိုက်နဲ့ အဆင်မပြေတော့ဘူး ... အဲ့ဒီ့တော့ ဖြေရှင်းနည်းကို ရှာရပါတော့တယ် ...
လွယ်လွယ်လေးပါပဲ ...
သွားရမယ့်နေရာက Internet Option ကိုသွားရမှာပါ ... ဘယ်လို သွားမလဲ ဆိုတော့ တခြားလိုမျိုးလဲ သွားလို့ရပါတယ် .. ဒါပေမယ့် အတိုဆုံး နည်းလမ်းလေး နဲ့ပဲ ပြပေးလိုက်ပါတယ် ...
winRArR promram သုံးပြီး ဖိုင်ချဲ့ခြင်
ဒီနေပို့လေးကတော့ winRArR promram သုံးပြီး ဖိုင်ချဲ့ခြင်းအကြောင်းလေးပါ . . .ဒီပို့လေးကတော်တော်လေးအသုံးဝင်ပါတယ်
ဥပမာ . . . software တွေ file , data အချက်အလက်တွေကို g-mail ကနေ သူငယ်ချင်းတွေဆီကို ပို မယ်ဆို၇င်  ဖိုင်ဆိုက်ကြီး
နေမယ် ဆို၇င်ပို့လို့ မ၇ပါဘူး . . . ဥပမာ . . 300 MB , 500MB ,1 GB စတဲ့file တွေကို ပို့လို့ မ၇ပါ ဘူး . . . . ဒါဆို၇င် file ခွဲပြီး
ပိုမှ အဆင်ပြေမှာ . . . file တွေခွဲနည်း ကို အောက်မှာ ပုံလေးတွေနဲ့ ၇ှင်းပြထားပါတယ် . . . . .
WinRaR အသုံးပြုပြီး ဖိုင်ချုပ်နည်း
WinRaR  အသုံးပြုပြီး ဖိုင်ချုပ်နည်း
ကွန်ပြူတာမှာ မသိမဖြစ်အသုံးပြုနည်းပါ . . . ကျွန်တော်တို့၇ဲ software တွေ data / အချက်အလက်တွေနဲ့  အေ၇းကြီး
တဲ့ ဖိုင်တွေကို winrar လိုprogram မျိုးကို သုံးပြီး သိမ်းမထားဘူးဆို၇င် နောင်တချိန်မှာ virus ဝင်ပြီး ပျက်ဆီးသွားမှာပါ
ဒါကြောင့် winrar program နဲ့ ဖိုင်ချုပ်ပြီး သိမ်းထားခြင်းဖြင့် နောက်အသုံးလိုတဲ့ အခါမျိုးမှာ ပြန်လည်အသုံးပြုနိုင်မှာဖြစ်
ပါတယ်. . . . .
ပထမဆုံး ကိုယ်ချုပ်ချင်တဲ့ folder တခုကို right click ထောက် ပါ . . . ပြီး၇င်  add to archive  ကိုနှိတ်ပါ . . .ပြီး၇င် ok
ပေးပါ. . . ဒါဆို ဖိုင်ချုပ်နေပါပြီ ...ပြီးသွား၇င် အောက်ကပုံလေးအတိုင်း ပေါ်လာပါလိမ့်မယ် . . .