Wednesday 3 July 2013

ဖျက်လို့မရသော Copy ကူးလို့မရသော File, Folder များကို Take Ownership လုပ်ပြီးဖျက်ခြင်း Copy ကူးခြင်း...

ဖျက်လို့မရသော Copy ကူးလို့မရသော File, Folder များကို Take Ownership လုပ်ပြီးဖျက်ခြင်း Copy ကူးခြင်း...

ကျွန်တော်တို့ Windows OS တွေမှာ folder တွေ file တွေ ကိုဖျက်မယ် copy ကူးမယ်ဆိုရင်တစ်ခါတစ်ခါ System ကပေးမဖျက်တာ ပေးမကူးတာနဲ့ကြုံဖူးရပါလိမ့်မယ်။ အထူးသဖြင့် "you'll need administrator permission to delete this file" အစရှိတဲ့ message ကို system ကပြလာပြီး ဘာမှလုပ်လို့မရပဲဖြစ်နေတတ်ပါတယ်။ အခုလိုအခြေအနေမျိုးမှာ ကိုယ်က file တွေ folder တွေကို copy ကူးချင်တယ် delete လုပ်ချင်တယ်ဆိုရင် ကျွန်တော်အခုပြောတဲ့ Take Ownership ဆိုတဲ့နည်းလမ်းနဲ့ပြုလုပ်နိုင်ပါတယ်။

Take Ownership လုပ်တယ်ဆိုတာကတော့ ဒီ file တွေ folder တွေကို ကိုယ်ကနေ Administrator အဖြစ်အသုံးပြုနိုင်ခြင်းကိုဆိုလိုတာပါ။ ဒီ Take Ownership ကိုရဖို့ အရင်ဆုံး InstallTakeOwnership.reg ဆိုတဲ့ Windows Registry file ကိုလိုအပ်ပါတယ်။ ဒီ Registry file ကို install လုပ်ပြီးတာနဲ့ ကိုယ်လိုချင်သလို file တွေ folder တွေကို copy ကူးနိုင် delete လုပ်နိုင်ပါပြီ။

TakeOwnership.zip file ကိုအခုပေးတဲ့ link ကနေ download ပြုလုပ်ပါ။

Download လုပ်ပြီးတာနဲ့ အဲ့ဒီ zip file ထဲက InstallTakeOwnership.reg ဆိုတဲ့ file ကို run လိုက်ပါ။ Run ပြီးသွားတာနဲ့ အောက်ကပုံမှာပြထားတဲ့အတိုင်း Popup Menu မှာ Take Ownership ဆိုတဲ့ tweak တစ်ခုပါဝင်လာမှာဖြစ်ပါတယ်။ ပြီးတာနဲ့ကိုယ် copy ကူးချင် delete လုပ်ချင်တဲ့ file တွေ folder တွေပေါ်မှာ right click ထောက်ပြီး Take Ownership ဆိုတာကိုနှိပ်ပါ။ ခဏစောင့်လိုက်ပါ။ Command Windows တစ်ခုပေါ်လာပြီး သူပိတ်သွားတဲ့အထိစောင့်ပါ။ ပြီးသွားပြီဆိုတာနဲ့ ကိုယ် copy ကူးချင် delete လုပ်ချင်တဲ့ file တွေ folder တွေကို စပြီး copy ကူး delete လုပ်လို့ရပါပြီ။ ဘာ Administrator Privilege မှမလိုတော့ပါဘူး။ အကယ်လို့များကိုယ်က ဒီ Take Ownership ကိုမလိုချင်တော့ဘူးဆိုရင်တော့ RemoveTakeOwnership.reg ဆိုတဲ့ file ကို run လိုက်ပါ။ သူ့ဘာသာသူအလိုလိုပျက်သွားပါလိမ့်မယ်။



 



No comments:

Post a Comment